TALOS 100

အရှိန်အမြန်နှုန်း ရရှိမှု

စက်စွမ်းရည်အနေအားဖြင့် CLAAS Talos ထွန်စက်များသည် ကောင်းမွန်သော Transmission စနစ်ကြောင့် တစ်နာရီ (၃၀) ကီလိုမီတာ အရှိန်နှုန်းကို ခဏတာအတွင်း ရောက်ရှိ မောင်းနှင်နိုင်ပါသည်။ ထယ်ရေးထယ်ကြောင်း ခက်ခဲသော ကွင်း၏ အမျှောင်းအစွန်းနေရာများတွင် ပေါ့ပါးဖျတ်လတ် သွက်လက်ချက်ချာစွာ မောင်းနှင်နိုင်ပါသည်။

ပေါ့ပါးသွက်လက်စွာမောင်းနှင်နိုင်ခြင်း

ထယ်ရေးထယ်ကြောင်းခက်ခဲသော ကွင်း၏ အမျှောင်းအစွန်းနေရာများနှင့် ကျဉ်းမြောင်းသော မြေအနေအထားများတွင် သပ်သပ်ရပ်ရပ် နှင့် လျင်မြန်သွက်လက်စွာ ထိန်းသိမ်းမောင်းနှင်နိုင်မှုသည် CLAAS Talos ထွန်စက်များ၏ အမှန်အကန် အားသာချက်ပင် ဖြစ်ပါသည်။ 36l/min output power ထွက်သော ဟိုက်ဒရောလစ်စနစ်နှင့် Two spool valves တို့သည် အကွေ့အ၀ိုက် အရုန်းအဆွဲများကို သာလွန် ကောင်းမွန်စေပါသည်။ Rear Linkage Control System သည် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လုပ်ငန်းဆောင်ရွက်မှု လုပ်ပုံကိုင်ပုံ အနေအထားကို မှတ်ဥာဏ်အဖြစ် ထားသိုသိမ်းဆည်းပေးနိုင်ပြီး လိုအပ်လျှင် လိုအပ်သလို ပြန်လည်အသုံးချနိုင်ပါသည်။

၁။ စက်မောင်းခန်းကို အဲယားကွန်းခန်းနှင့်သော်လည်းကောင်း၊ ပေါင်းမိုးနှင့် သော်လည်းကောင်း ရရှိနိုင်ပါသည်။

၂။ Two double-acting spool valves / Four connectors

၃။ Electrohydraulic PTO engagement

၎။ Hydraulic Pump ၂ လုံး အသုံးပြုထားပါသည်။ (55l/min Power Output)

၅။ ဂီယာရှေ့ ၁၆ ချက် ၊နောက် ၁၆ ချက် (Mechanical Reverse ခလုတ်ပါဝင်သည်။)

၆။ Special Sealed Drives ကြောင့် စိုစွတ်သော စပါးခင်းထဲတွင် မောင်းနှင်လျှင်လည်း အထူးကောင်း မွန်ပါသည်။

၇။ Turning Radius – ၃.၄ မီတာ (၅၅ ဒီဂရီ အချိုးအကွေ့ကွေ့နိုင်ပါသည်။)

၈။ Economical Tier 3 အင်ဂျင် (ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု လျှော့ချပေးသောစနစ်ပါဝင်သော အင်ဂျင်ဖြစ်ပါသည်။)

၉။ Nippy 4-Cylinder LSC အင်ဂျင် (Turbocharger)

ပြုပြင်ထိန်းသိမ်းမှု

one-piece bonnet တပ်ဆင်ထားသောကြောင့် စက်ပြုပြင် ထိန်းသိမ်းရန် အတွက် လွယ်ကူလျင်မြန်စွာ စက်ခန်းကို အဖွင့်အပိတ် ပြုလုပ်နိုင်ပါသည်။ လေစစ် Filter နှင့် ရေတိုင်ကီ radiator များ၏ သန့်ရှင်းမှုအတွက် လိုအပ်လျှင် လိုအပ်သလို အခါအားလျှော်စွာ လွယ်ကူစွာ သန့်ရှင်းရေးလုပ်နိုင်ပါသည်။

လုပ်ငန်းတိုင်းအတွက် မှန်ကန်သော PTO

Talos 100 series တွင် PTO 540/ 540ECO/1000 rpm သုံးမျိုး ပါရှိပါသောကြောင့် လုပ်ငန်းတိုင်းအတွက် မှန်ကန်သော PTO ကို ရွေးချယ် အသုံးပြုနိုင်ပါသည်။