CLAAS Arion 430 cis
CLAAS Arion 430 cis (မြင်းကောင်ရေ ၁၃၀ ထွန်စက် )
၁။ CLAAS ဂျာမဏီ၏ ပြင်သစ်နိုင်ငံ La Mans မြို့စက်ရုံမှ တိုက်ရိုက်ထုတ်လုပ်ထားသည့် Manufacture in France ထွန်စက်ဖြစ်သည်။
၂။ အင်မတန် သက်တောင့် သက်သာရှိစေသော Ergonomic Structure မောင်းနှင်မှုပုံစံကြောင့် လုပ်ငန်းချိန်ကြာမြင့်စွာ ဆောင်ရွက်နိုင်သည်။
၃။ မြင်းကောင်ရေ ၁၃၀ တာဘိုအင်တာကူလာပါ JDI CPM အင်ဂျင်တပ်ဆင်ထားသောကာ အင်ဂျင်ရုန်းအား Torque 510 နယူတန်မီတာရုန်းဆွဲတွန်း လုပ်ငန်းများ ဆောင်ရွက်နိုင်ပါသည်။
၄။ သာမန် အခြေအနေတွင် အင်ဂျင်တစ်မိနစ်အပတ်ရေ RPM 2200ဖြင့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်သော်လည်း လုပ်ငန်းထယ်ရေးချိန်တွင် အင်ဂျင်တစ်မိနစ်အပတ်ရေ Low RPM 1400 ဖြင့် လုပ်ငန်းဆောင်ရွက်သောကြောင့် ဒီဇယ်ဆီစားနှုန်း လွန်စွာမှ သက်သာစေသလို လုပ်ငန်းသဘောအရ ၁၇၀၀ လီတာဆံ့ ဒီဇယ်တိုင်ကီဖြင့် အံဝင်ခွင်ကျပင်ဖြစ်သည်။
၅။ ညက်ညောသော ၅၅ဒီဂရီအချိုးအကွေ့ ပါဝါစတီယာတိုင်ကို အသုံးပြုထားပါသည်။
၆။ သာမန် ပင်နယံ Mechanical Gear မသုံးပဲ Hydro Statistic Gear ရှေ့၁၆ ချက်၊ နောက်ဂီယာ ၁၆ ချက်အသုံးပြုနိုင်သောကြောင့် ထယ်ရေးထယ်ကြောင်းများကို လိုသလို စိတ်ကြိုက်ပုံဖော်နိုင်မည် ဖြစ်သည်။
၇။ ဝန်မအား ၆.၅တန် မတင်နိုင်သောကြောင့် ၁ပေ၊ ၂ပေ၊ ၃ပေ အနက်လိုအပ်သလို ထယ်ရေးနက်စေရသည့် ပြောင်းထယ်ရေးသုံး၊ ကြံထယ်ရေသုံး၊ အာလူး၊ ဖရဲ၊ သခွားမွှေး ထယ်ရေးသုံး ဥရောပထယ်စဉ်ကြီးများကို ကောင်းမွန်စွာ အသုံးပြုနိုင်သည်။
၈။ ကြံ၊ ပြောင်း၊ အာလူးစသော သီးနှံများအတွက် Power Harrow မားခုံသုံး PTO 540/1000 ပါဝင်သောကြောင့် လုပ်ငန်းဆောင်တာများကို ထိရောက်စွာဆောင်ရွက်နိုင်ပါသည်။
၉။ အင်ဂျင်ရဲ့ စွမ်းရည်စွမ်းအားကို အပြည့်အဝသုံး optimal performance အထိသုံးနိုင်သည့် CPM စနစ်အပြင် ဆားဗစ်ပြုလုပ်ရမည့်အချိန် ထယ်ရေးဧကကျ ဆီစားနှုန်းတို့ကို အလိုအလျှောက် မှတ်သားပေးသည့် CISစနစ် ပါဝင်သောကြောင့် လွန်စွာမှ ထိရောက်စွာ အသုံးပြုနိုင်စေခြင်းသည် CLAAS Arion 430 CIS ၏ အားသာချက်ပင်ဖြစ်ပါတယ်။