Tractors

TALOS 200 – 100

CLAAS ဂျာမန် ကုမ္ပဏီသည် လုပ်သားအင်အား (၁၁၀၀၀) ကျော်ဖြင့် စိုက်ပျိုးရေး စက်ယန္တရားများကို ကမ္ဘာပေါ်တွင် ဦးဆောင်ထုတ်လုပ်လျှက် ရှိပါသည်။ နှစ်စဉ် ယူရို(၃.၈) ဘီလီယံကျော်ဖိုး ရောင်းချနေရပြီး ကမ္ဘာ့ထွန်စက်နှင့် ရိတ်သိမ်းချွေလှေ့စက် ဈေးကွက်ကို ဦးဆောင်လျှက်ရှိပါသည်။ ကမ္ဘာတစ်ဝှမ်း တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ(၁၁)ရုံ အပါအ၀င် ကုမ္ပဏီရုံးခွဲပေါင်းများစွာရှိပြီး သုံးစွဲသူများအတွက် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် မဆိုအနီးကပ် ၀န်ဆောင်မူများပေးလျှက်ရှိပါသည်။

CLAAS အမှတ်တံဆိပ်သည် ဥရောပ ရိတ်သိမ်းချွေလှေ့စက်ဈေးကွက်၏ ဦးဆောင်သူအဖြစ် ရပ်တည်လျှက်ရှိပြီး ကမ္ဘာ့ရိတ်သိမ်းစက် ဈေးကွက်၏ ထိပ်ဆုံး၌ ရပ်တည်လျှက်ရှိပါသည်။ အမျိုးမျိုးသော ထွန်စက်များ၊ ရိတ်သိမ်းချွေလှေ့စက်များ၊ ကောက်ရိုးထုံးစက်များ၊ ရိတ်သိမ်းစက်မျိုးစုံ၊ လက်တွန်းစက်မျိုးစုံအပြင် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အိုင်တီနည်းပညာနှင့် ၀န်ဆောင်မှုများကိုလည်း ကျယ်ပြန့်စွာ ထုတ်လုပ်ဆောင်ရွက်လျှက်ရှိပါသည်။

CLAAS ၏ ကမ္ဘာကျော်ထင်ရှားအောင်မြင်သည့် နာမည်ကြီး MARKENT ကောက်ရိုးထုံးစက် နှင့် DOMINATOR ရိတ်သိမ်းချွေလှေ့ စက်များကဲ့သို့ ရိတ်သိမ်းခြင်း အတတ်ပညာပေးမှု၊ ဒေသနှင့် အံဝင်ခွင်ကျ ဖြစ်စေမှု၊ ယုံကြည်ကိုးစားမှုများ ရရှိမှု၊ အမြင့်ဆုံးနှင့် ဘက်စုံ အသုံးပြုနိုင်သည့် စွမ်းဆောင်ရည်များ ပေးနိုင်သည့် အတွေ့ အကြုံများကို TALOS ထွန်စက်များတွင်လည်း ထုတ်လုပ် ဆောင်ရွက်ပေးထားပါသည်။ ကမ္ဘာတ၀ှမ်းရှိ မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို CLAAS မှ အဆင်သင့်ဖြစ်နေပါပြီ။

Talos ၏ သာလွန်သော အချက်မှာ

အကြမ်းခံပြီး အလုပ်လုပ်နိုင်ရန် ဒီဇိုင်းပုံစံဖြင့် ထုတ်လုပ်ထားသောကြောင့် TALOS ထွန်စက်များသည် အမျိုးမျိုးသော လုပ်ငန်းခွင်တို့တွင် ပုံစံမျိုးစုံဖြင့် လွန်စွာ အသုံးတည့်ပါသည်။ တစ်နှစ်ပတ်လုံး ရာသီမရွေး ထွန်ယက်ချိန်မှစ၍ ရိတ်သိမ်းချိန်အထိ သုံးစွဲမှုပုံစံအမျိုးမျိုးဖြင့် လုပ်ငန်းခွင်အမျိုးမျိုးတွင် လွန်စွာမှ အသုံးတည့်စေပါသည်။ ရိုးရှင်းစွာ မောင်းနှင်နိုင်သော CLAAS Talos ထွန်စက်များသည် နေ့တစ်နေ့၏ ထွန်ယက်စိုက်ပျိုးမှုဆိုင်ရာ စိန်ခေါ်မှုများကို အခက်အခဲမရှိ လွယ်ကူစွာ ဖြတ်သန်းနိုင်ပါသည်။

Talos အမျိုးအစား (၂) မျိုး

Talos 200 series များသည် ဆွဲခြင်း၊ မခြင်း၊ ထွန်ယက်ခြင်းစသည့် ကြီးလေးသော လုပ်ငန်းများ လုပ်နိုင်ရန်အတွက် အံဝင်ခွင်ကျဖြစ်အောင် ထုတ်လုပ်ထားပါသည်။ (၁) သာမာန်ပေါင်းမိုးပါသော စက်မောင်းခန်းဖြင့် Mechanical Control စနစ်သုံးနိုင်သော ထွန်စက် နှင့် (၂) မှန်အလုံခန်း Aircorn ပါသော စက်မောင်းခန်းဖြင့် လွယ်ကူစွာ PTO အသုံးပြုနိုင်ပြီး Rear Linkage operation system ပါရှိသည့် ထွန်စက်ဟူ၍ နှစ်မျိုးနှစ်စား ရှိပါသည်။ Talos 200 series များသည် အမျိုးမျိုးသော ထယ်၊ ထွန်၊ ရိုတာ၊ ဆေးဖြန်းစက်၊ မျိုးစေ့ချစက် စသော နောက်တွဲ ကိရိယာတို့ဖြင့်သုံးစွဲရ လွယ်ကူစေပြီး ထွန်ယက် စိုက်ပျိုးခြင်းဆိုင်ရာ လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်စေနိုင်ပါသည်။ အသုံးပြုရန်လွယ်ကူသော ဒီဇိုင်းဖြင့် TALOS 100 series သည် သာလွန်သော ထိန်းသိမ်းမောင်းနှင်မှု၊ ထိရောက်သော စွမ်းဆောင်ရည် ပြည့်ဝမှုတို့နှင့် အတူ နေ့စဉ်နေ့တိုင်း ထွန်ယက်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများကို အထင်ကြီးလောက်စရာ ဆောင်ရွက်နိုင်သည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

(CLAAS သည် အစဉ်အမြဲ သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလျှက်ရှိပါသည်။ ဤလက်ကမ်းစာစောင်တွင် ဖော်ပြသတ်မှတ်ချက်များသည် ရွေးချယ်ဖော်ပြလိုသည့် စက်ပစ္စည်းများအတွက်သာ ဖြစ်ပါသည်။ ” စံ ” သတ်မှတ်ချက်များအဖြစ် မယူဆနိုင်ပါ။ ဤလက်ကမ်းစာစောင်သည် ကမ္ဘာတ၀ှမ်း အသုံးပြုနိုင်အောင်ပြုစု ထုတ်ဝေထားခြင်း ဖြစ်ပါသည်။ သင်နှင့်နီးစပ်ရာ CLAAS အရောင်းဌာနများထံတွင် ဒေသအလိုက် စက်၏ သတ်မှတ်ချက် အသေးစိတ်နှင့်ဈေးနှုန်းများကို ရရှိနိုင်ပါသည်။ ဤလက်ကမ်းစာစောင်တွင် စက်အစိတ်အပိုင်းများ၏ ဆောင်ရွက်ချက်များကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ရန်အတွက် ဖုံးအုပ်ထားသော Protective Panel အချို့ကိုဖယ်ရှား ဖော်ပြထားခြင်းသာဖြစ်ပါသည်။ Protative Panel များဖယ်ရှားခြင်းသည် အန္တရာယ်ရှိနိုင်သောကြောင့် မိမိသဘောအရ ဖယ်ရှားခြင်းမပြုပါရန်နှင့် operator’s manual ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ )