Company

 

Octagon International Services Co., Ltd. သည် ၂၀၀၅ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံအတွင်း ကမ္ဘာ့ထိပ်တန်းစက်ယန္တရားနှင့် မော်တော်ယာဉ် အမှတ်တံဆိပ်များကို လယ်ယာသုံး စက်ယန္တရားများ၊ ဆောက်လုပ်ရေးနှင့် သတ္တုတူးဖော်ရေး စက်ယန္တရားများ၊ ကရိန်းများစသည့် အကြီးစားစက်ယန္တရားများအပြင် အဆင့်မြင့် ခရီးသည်တင်ဘတ်စ်ကားများ၊ ဇိမ်ခံမော်တော်ယာဉ်များ တင်သွင်းမှုကို ပြည့်ဝသည့် ကျွမ်းကျင်မှုနှင့် ကျယ်ပြန့်သည့် အတွေ့အကြုံများဖြင့် ပံ့ပိုး ဆောင်ရွက်လျက်ရှိပါသည်။

Octagon International Services Co., Ltd. သည် လက်ရှိအချိန်၌ တောင့်တင်းခိုင်မာပြီး လုံ့လ၀ီရိယရှိသော ၀န်ထမ်းအင်အား ၁၀၀၀ ကျော်နှင့် လည်ပတ်လုပ်ကိုင်လျက်ရှိပါသည်။ ကုမ္ပဏီအနေဖြင့် တီထွင်ဆန်းသစ်မှုနှင့် သင်ယူလေ့လာမှုကို အထူး အလေးထားလုပ်ကိုင်လျက် ရှိပါသည်။ ကုမ္ပဏီရှိလုပ်သားထု အနေဖြင့် နိုင်ငံတကာအဆင့် စံချိန်စံညွှန်းများအတိုင်း လုပ်ဆောင် နိုင်မည့် လိုအပ်သော ကျွမ်းကျင်မှု အရည်အသွေး များရှိလာစေရန် အတွက် အစဉ်မပြတ်အားစိုက်လုပ်ဆောင်သွားရန် ကုမ္ပဏီ အနေဖြင့် သန္နိဋ္ဌာန် ချမှတ်ထားပါသည်။ ပင်ကိုစွမ်းရည်ရှိသော ၀န်ထမ်းအမြောက်အမြားကိုလည်း နိုင်ငံရပ်ခြားတွင် လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။

Octagon International Services Co., Ltd. သည် ပြည်တွင်းရှိ Customer များကိုကမ္ဘာ့အကောင်းဆုံးထုတ်ကုန်များနှင့် ၀န်ဆောင်မှုများ ရရှိခံစား နိုင်ရန် ဆောင်ရွက်ပေးနေစဉ်မှာပင် ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်များအနေဖြင့် မြန်မာ့ဈေးကွက်တွင် ထိထိရောက်ရောက် နှင့် စဉ်ဆက်မပြတ် ရပ်တည်နိုင်ဖို့အတွက် ပံ့ပိုးကူညီသွားရန်ဆုံးဖြတ်ချက် ချမှတ်ထားပါ သည်။