CROP TIGER 40 TERRA TRAC.

previous arrow
next arrow
previous arrownext arrow
Slider

၁။ စက်မောင်းခန်းအမိုး

အရည်သွေးမြင့်ကျယ်ပြန်သော စက်မောင်းခန်းအမိုးသည် အရည်သွေးမြင့် ဖိုင်ဘာဖြင့် ပြုလုပ်ထားသောကြောင့် မောင်းနှင်သူအားများစွာ သက်သောင့်သက်သာ ဖြစ်စေပါသည်။

၂။ ဓားသွား

၂.၁မီတာ ( ၆ပေ ၁၀လက်မကျော်)ရှိ အသွားနှစ်ဖက်ပါ ဓားသွားသည် သီးနှံများကို စိုစွတ်သော အခြေအနေတွင် ကောင်းမွန်စွာ ဖြတ်တောက်နိုင်ပါသည်။ ဦးပိုင်းတွင် စံချိန်စံညွှန်းနှင့်အညီ တပ်ဆင်ထားသော သီးနှံများ မြှောက်တင်ပေးသော အတံလေးများသည် မြေပြင်ပေါ်တွင် လဲနေသော သီးနှံများကို ကောင်းစွာ မတင်နိုင်ပြီး သီးနှံလေလွင့်ဆုံးရှုံးမှုကို သက်သာစေပါသည်။

၃။ သီးနှံ လှောင်ကန် အဖုံး

၁၅၀၀ လီတာ (၃၇.၅တင်း) အထိတိုး၍ ကြာရှည်လှောင်နိုင်သော လှောင်ကန်အဖုံးကြောင့် နွေ၊ မိုး၊ ဆောင်း ရာသီဥတုမရွေး ရိတ်သိမ်းချွေလှေ့မှု လုပ်ငန်းများကို စိတ်ချလက်ချ ကောင်းမွန်စွာ ဆောင်ရွက်နိုင်စေပါသည်။ လုပ်ငန်းရာသီပြီးဆုံးသည့် ကာလတွင်လည်း သီးနှံလှောင်ကန်ကို အဖုံးဖြင့် ကာကွယ်ပေးထားခြင်းနှင့် လုပ်ငန်းချိန်အတွင်း ကောင်းစွာပိတ်ထားနိုင်သည့် အနေအထားရှိပါသည်။ ထိပ်ပိုင်းတွင် လှုပ်ရှားမှုကိုမြင်နိုင်သည့် မှန်ပေါက်ပါရှိသဖြင့် လှောင်ကန်အတွင်းသို့ လွယ်ကူစွာ ကြည့်ရှုစစ်ဆေး ထိန်းသိမ်းဆောင်ရွက်နိုင်ပါသည်။

၎။ လျင်မြန် သန့်ရှင်းသော သီးနှံထုတ်ပြွန်စနစ်

အသုံးပြုသူများ ကြိုက်နှစ်သက်သော သီးနှံထုတ်ပြွန်စနစ်သည် လိုသလို လှည့်နိုင်သော အဆက်ပါရှိသဖြင့် သီးနှံအလေအလွင့်မရှိပဲ လှောင်ကန်ထဲရှိသီးနှံများကို သီးနှံအိတ်အတွင်း တိုက်ရိုက်ထည့်နိုင်သလို တစ်စက္ကန့်လီတာ(၃၀) နှုန်းဖြင့် လှောင်ကန်ပြင်ပကို လျင်မြန်စွာ ထုတ်ယူနိုင်စွမ်း ရှိပါသည်။

၅။ မြေအမျိုးအစားမရွေးသင့်တော်သည့် Rubber track (ရာဘာ ခရော်လာ)

ခိုင်ခံ့သော အောက်ပိုင်းစနစ် ဟိုက်ဒရောလစ်စနစ်နှင့် ကောင်းမွန်သော ရာဘာခရောလာတို့ကြောင့် ပျော့ပြောင်းသော စိမ့်မြေ ရွှံ့မြေ တို့၌ လွယ်ကူစွာ ထိန်းကြောင်း မောင်းနှင်နိုင်ပါသည်။

ဘက်ထရီ အိုင်ဆိုလိတ်တာ ခလုတ်

စက်မသုံးသော အချိန်တွင် ဘက်ထရီ အိုင်ဆိုလိတ်တာခလုပ် အသုံးပြုခြင်းဖြင့် လျှပ်စစ်စီးကြောင်းကို လွယ်ကူစွာ ဖြတ်တောက်ထားနိုင်ပြီး ဘက်ထရီ၏ သက်တမ်းကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်သည်။။
Air Compressor

လေမှုတ်စက်နှင့်လေအိုး ပါရှိပါသည်။ Air reservoir သည် ၁၀လီတာ / ၈ဘား ရှိပါသည်။
Water Filter

ဒီဇယ်တွင်ပါဝင်သော ရေကို စစ်ထုတ်ပေးခြင်းဖြင့် အင်ဂျင်အား စွမ်းဆောင်ရည်ပိုမို ကောင်းမွန်စေပါသည်။ စက်ချို့ယွင်းမှုကို ကာကွယ်ပေးပါသည်။
New Air Filter

အင်ဂျင်စွမ်းဆောင်ရည် ပိုမိုဆောင်ရွက်နိုင်ခြင်း၊ အချိန်ကြာမြင့်စွာ ဆောင်ရွက်နိုင်ခြင်း၊ ပိုမိုသက်သောင့်သက်သာရှိစေခြင်း၊